14. အိုဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း၊ သင်တို့မြို့များထဲက တမြို့လျှင် လူတယောက်၊ အမျိုးသားချင်း အစုစုထဲက တစုလျှင် လူနှစ်ယောက်ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။
15. ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ၌ ခန့်ထား၍၊ သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။
16. ထိုကာလတွင် သင်တို့သည် ပြည်တော်၌ တိုးပွါးများပြားသောအခါ၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာ တော်ဟူ၍ နောက်တဖန် မပြောမဆိုရ။ ထိုသေတ္တာတော်ကို စိတ်မစွဲလမ်း၊ မအောက်မေ့၊ မပြုစုရ။ နောက်တဖန် မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ၏။
17. ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ ပလ္လင်ဟူ၍ခေါ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်း၊ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ထိုပလ္လင်သို့ စည်းဝေးကြလိမ့်မည်။ နောက်တဖန် မိမိတို့၌ ဆိုးသော စိတ်နှလုံးခိုင်မာခြင်းသဘောသို့ လိုက်၍ မကျင့်ရကြ။