ယေ​ရ​မိ 29:13-16 Judson Bible (BJB)

13. ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။

14. ငါသည်လည်း၊ သင်တို့အတွေ့ကို ခံမည်။ အထက်ကငါနှင်ထုတ်၍ သင်တို့ခံရသော သိမ်းသွားခြင်းအမှုကို ငါသည်ဖြေရှင်းခြင်းငှာ၊ တိုင်းနိုင်ငံ အရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင်၊ အထက်က ငါနှင်ထုတ် ၍ သင်တို့ရှုံးသောပြည်သို့ တဖန်ငါဆောင်ခဲ့ဦးမည်ဟုသာ ထာဝရဘုရားမိန့်တော်မူ၏။

15. ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်မှစ၍၊ ဤမြို့၌ နေသောသူအပေါင်းတည်းဟူသော၊ သင်တို့နှင့်အတူ သိမ်းသွားခြင်းကို မခံရသော သင်တို့ညီအစ်ကိုများကိုရည်မှတ်၍၊

16. ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့အပေါ်မှာထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ ကာလနာဘေးတို့ကို ငါစေလွှတ်မည်။ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့ ငါဖြစ်စေမည်။

ယေ​ရ​မိ 29