11. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ လူအမျိုးမျိုးတို့၏ လည်ပင်းပေါ်မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို၊ လူအပေါင်း တို့ရှေ့မှာ ပြောဆို၏။ ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ၏။
12. ပရောဖက်ဟာ နနိသည် ပရောဖက် ယေရမိ၏ လည်ပင်းမှ ထမ်းဘိုးကို ချိုးပယ်သောနောက်၊ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
13. သင်သွား၍ ထာဝရဘုရား၏ အမိန့်တော်ကို ဟာနနိအား ဆင့်ဆိုရမည်မှာ၊ သင်ချိုးသော သစ်သား ထမ်းဘိုးအစား၊ သံထမ်းဘိုးကို လုပ်ရမည်။