ယေ​ရ​မိ 18:1-4 Judson Bible (BJB)

1. ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊

2. သင်သည် ထ၍ အိုးထိန်းသမားအိမ်သို့ သွားလော့။ ထိုအရပ်၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း၊

3. ငါသည်သွား၍၊ အိုးထိန်းစက်နှင့် လုပ်လျက်ရှိသော အိုးထိန်းသမားကိုတွေ့၏။

4. အိုးမြေဖြင့် လုပ်သောအိုးသည်၊ အိုးထိန်းသမားလက်၌ ပျက်စီးသောကြောင့်၊ သူသည် အလိုအလျောက် အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏။

ယေ​ရ​မိ 18