ယေ​ရ​မိ 13:1-5 Judson Bible (BJB)

1. တဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်းကို သွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊

2. ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။

3. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်လျှင်၊

4. သင်သည် ခါး၌စည်းသော ခါးပန်းကို ယူပြီးလျှင်၊ ဥဖရတ်မြစ်သို့ ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထားလော့ဟု၊

5. မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။

ယေ​ရ​မိ 13