5. သူသည် စွန်ပလွံပင်ကဲ့သို့ ခိုင်မာ၍ စကား မပြောတတ်။ မိမိအလိုအလျောက် မသွားနိုင်သော ကြောင့်၊ ထမ်း၍သွားရ၏။ ထိုအရာတို့ကို မကြောက်ကြ နှင့်။ အန္တရာယ်ကိုမပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင်။
6. အိုထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော် သည်လည်း၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။
7. အိုလူအမျိုးမျိုးတို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌၎င်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌၎င်း ကိုယ်တော်နှင့် တူသောသူတစုံတယောက်မျှ မရှိပါ။
8. သူတို့သည် တလုံးတဝတည်း တိရစ္ဆာန်သဘောနှင့် မိုက်သော သဘောရှိကြ၏။ သစ်သားသော်လည်း မိုက်သောအယူကို ဆုံးမတတ်၏။