20. ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံနှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော်ရမည်။
21. ထိုသန့်ရှင်းသော ပူဇော်သက္ကာမြေနှင့်မြို့နယ် နှစ်ဘက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဘို့ ဖြစ်ရမည်။ သန့်ရှင်းသော ပူဇော်သက္ကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာကျရမည်။
22. ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဘက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှသည် မင်းသားအဘို့ဖြစ်ရမည်။
23. ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။
24. ဗယာင်္မိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရှိမောင်ခရိုင်ရှိရမည်။
25. ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင်ရှိရမည်။
26. ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည်။
27. ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင်ရှိရမည်။
28. ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်၎င်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်၎င်း ရှောက်သွားရမည်။
29. ဤရွေ့ကား၊ ဣသရေလအမျိုးအနွယ်တို့ အမွေ ခံစရာဘို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကား၊ သူတို့ ပိုင်းခြား၍ နေရသောခရိုင်အသီးအသီး ဖြစ်သတည်းဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
30. မြို့မှထွက်ရာတံခါးများဟူမူကား၊ မြို့မြောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊
31. မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။
32. မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။