ယေ​ဇ​ကျေ​လ 48:11-14 Judson Bible (BJB)

11. ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသောအခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကို အစဉ်ဆောင်၍ သန့်ရှင်းသော ဇာဒုတ်သားယဇ် ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။

12. လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သောမြေသည် ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသော မြေဖြစ်ရမည်။

13. ယဇ်ပုရောဟိတ် မြေအနားမှာလေဝိ လူနေရာ မြေကွက်သည် အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်း ရှိရမည်။

14. ထိုမြေသည် ထာဝရဘုရားအဘို့ သန့်ရှင်းသောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသော ဥစ္စနှင့်မဖယ်လှယ်ရ။ အဘိုးနှင့်မရောင်းရ။

ယေ​ဇ​ကျေ​လ 48