ယေ​ဇ​ကျေ​လ 48:1-7 Judson Bible (BJB)

1. ဣသရေလအမျိုးခရိုင်စုအမည်ကား၊ မြောက် ဘက်၌ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇ ရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက် ဟာမတ်မြို့နယ်တိုင်အောင်၎င်း၊ အရှေ့ဘက်မှသည် ပင်လယ်တိုင်အောင်၎င်း ဒန်ခရိုင်ရှိရမည်။

2. ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။

3. အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။

4. နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည်။

5. မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။

6. ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။

7. ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။

ယေ​ဇ​ကျေ​လ 48