29. ပူဇော်သောမုန့်ညက်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကို စားရကြမည်။ ဣသရေလအမျိုးသား ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သိမ်းယူရကြမည်။
30. အဦးသီးသောအသီးအမျိုးမျိုးနှင့်၊ ချီးမြှောက်ရာ ပူဇော်သက္ကာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်သည် သိမ်းယူ ရမည်။ သူသည်သင့်အိမ်၌ ကောင်းကြီးမင်္ဂလာကို သက်ရောက်စေခြင်းငှါ၊ အဦးနယ်သော မုန့်စိမ်းကို သူ၌ လှူရမည်။
31. ငှက်ဖြစ်စေ၊ သားဖြစ်စေ၊ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ။