9. ထရံအခန်းပြင်ဘက်၌ကာသောထရံသည် အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင်၏။
10. အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ် ကွာလျက်ရှိကြ၏။
11. ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ ဖွင့်၍ မြောက်ဘက်သို့၎င်း၊ တောင်ဘက်သို့၎င်း မျက်နှာ ပြုကြ၏။ ကျန်ကြွင်းသော အရပ်သည် ပတ်လည်၌ အနံငါးတောင်ရှိ၏။
12. လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသော တန်တိုင်းသည် အလျားအတောင်ခုနစ် ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တန်တိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။
13. ထိုသို့အိမ်တော်ကိုတိုင်း၍ လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တန်တိုင်းပါလျက်အလျား အတောင်တရာ ရှိ၏။
14. အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦး အတိုင်းအရှည်လည်း အတောင်တရာရှိ၏။
15. လွတ်လပ်သောအရပ်၌ ကာသောရှေ့တန်တိုင်နှင့် နောက်တန်တိုင်ကိုတိုင်း၍၊ တဘက်တချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တရာရှိ၏။
16. အတွင်းဗိမာန်နှင့်တန်တိုင်မုတ်များ၊ တံခါးခုံ များ၊ ကျဉ်းသောပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တဘက်တချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့်ဖုံးအုပ် လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။
17. တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင်ဘက်၊ အိမ်တော်အတွင်းပြင်ထရံပတ်လည်၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု၍၊
18. ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တခုစီရှိ၏။ ခေရုဗိမ်တခု၌ မျက်နှာနှစ်ခုစီပါလျက်၊