ယေ​ဇ​ကျေ​လ 41:15-22 Judson Bible (BJB)

15. လွတ်လပ်သောအရပ်၌ ကာသောရှေ့တန်တိုင်နှင့် နောက်တန်တိုင်ကိုတိုင်း၍၊ တဘက်တချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တရာရှိ၏။

16. အတွင်းဗိမာန်နှင့်တန်တိုင်မုတ်များ၊ တံခါးခုံ များ၊ ကျဉ်းသောပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တဘက်တချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့်ဖုံးအုပ် လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။

17. တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင်ဘက်၊ အိမ်တော်အတွင်းပြင်ထရံပတ်လည်၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု၍၊

18. ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တခုစီရှိ၏။ ခေရုဗိမ်တခု၌ မျက်နှာနှစ်ခုစီပါလျက်၊

19. စွန်ပလွံပင်နှစ်ခုကြားမှာ တဘက်၌လူမျက်နှာ၊ တဘက်၌ ခြင်္သေ့မျက်နှာကို ပြကြ၏။

20. ထိုသို့ အိမ်တော်ပတ်လည်၊ မြေမှသည်တံခါး ပေါက်အထက်တိုင်အောင် ဗိမာန်တော်ထရံ၌ ခေရုဗိမ်နှင့် စွန်ပလွံပင် အရုပ်ထုလျက်ရှိ၏။

21. ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ၏။

22. သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဘိနပ်၊ နံရံတို့သည်သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာတင်သော စာပွဲပေတည်းဟု ငါ့အားပြောဆို၏။

ယေ​ဇ​ကျေ​လ 41