1. ထိုနောက်မှ ဗိမာန်တော်သို့ခေါ်၍ တံခါးတိုင်တို့ကို တိုင်းလျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထုသည် ဗိမာန်တော်ထုနှင့်အမျှ ခြောက်တောင်ရှိ၏။
2. ဗိမာန်တော်တံခါးဝအကျယ်ကား ဆယ်တောင်ရှိ၏။ တံခါးဝတဘက်နှင့်တဘက်လည်း ငါးတောင်စီ ကျယ်၏။ ဗိမာန်တော်ကိုတိုင်း၍၊ အလျားကား အတောင် လေးဆယ်၊ အနံကားအတောင်နှစ်ဆယ်ရှိ၏။
3. ထိုနောက်၊ အထဲသို့ဝင်၍ အရာရာတို့ကို တိုင်းလျှင်၊ တံခါးတိုင် နှစ်တောင်၊ တံခါးဝခြောက်တောင်၊ တံခါးဝတဘက်တချက် ခုနစ်တောင်စီရှိ၏။