38. မီးရှို့သော ယဇ်ကောင်ကိုရေနှင့် ဆေးကြောစရာအခန်းများ၊ အခန်းဝင်ဝများတို့သည် ထိုတံခါးမုတ်၌ ရှိကြ၏။
39. မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာ ယဇ်ကောင်ကို သတ်စရာဘို့၊ တံခါးမုတ်အတွင်း တဘက် တချက်၌ စာပွဲနှစ်ခုစီရှိကြ၏။
40. မြောက်တံခါးဝသို့ တက်ရာတံခါးမုတ်၊ ပြင်အနားတဘက်တချက်၌လည်း စားပွဲနှစ်ခုစီရှိသည်ဖြစ်၍၊
41. တံခါးဝတဘက်တချက်၌ ယဇ်ကောင်ကို သတ်စရာစားပွဲလေးခုစီ၊ ပေါင်းရှစ်ခုရှိကြ၏။
42. မီးရှို့ရာယဇ်ဘို့ စားပွဲလေးခုတို့သည် ဆစ်သောကျောက်ဖြင့်ပြီး၍၊ အလျားတတောင်တထွာ၊ အနံ တတောင်တထွာ၊ အမြင့်တတောင်ရှိ၏။ ထို စားပွဲပေါ်မှာ မီးရှို့ရာယဇ်ကောင်ကို သတ်စရာတန်ဆာများကို တင်ထားရကြ၏။
43. စားပွဲအပေါ်ပတ်လည်၌ အကျယ်လက်တဝါး ရှိသော အနားပတ် တပ်လျက်ရှိ၍၊ ပူဇော်စရာယဇ်သား ကို တင်ထားရကြ၏။