ယေ​ဇ​ကျေ​လ 40:30-33 Judson Bible (BJB)

30. ပတ်လည်၌ရှိသော မုတ်တို့သည်လည်း အလျား အတောင်နှစ်ဆယ်ငါးတောင်၊ အနံငါးတောင်ရှိ၏။

31. မုတ်တို့သည် ပြင်တန်တိုင်သို့မျက်နှာပြု၍၊ တိုင် များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့်တက်ရ၏။

32. အရှေ့ဘက်၌လည်း အတွင်းတန်တိုင်းထဲသို့ သွင်း၍၊ ထိုတံခါးကို အရင်ပမာဏနှင့်အညီ တိုင်းလေ၏။

33. အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်း ပြတင်းပေါက်ရှိ၍၊ အလျား အတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။

ယေ​ဇ​ကျေ​လ 40