ထိုအခါ ပျက်စီးသော အရပ်တို့ကို ငါထာဝရဘုရားပြုပြင်ကြောင်းကို၎င်း၊ စွန့်ပစ်သောမြေတွင် လယ် လုပ်ကြောင်းကို၎င်း၊ သင်တို့ပတ်လည်၌နေရစ်သော တပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါ ထာဝရဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည်။