1. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2. အချင်းလူသား၊ သင်သည် စိရတောင်တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
3. အိုစိရတောင်၊ သင့်တဘက်၌ ငါနေ၏။ သင့်ကို ငါတိုက်၍ သုတ်သင်ပယ်ရှင်းမည်။
4. သင်၏မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက်ရှိ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ့်မည်။
5. သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလအမျိုးသားတို့၌ အမှုရောက်သောကာလ၊ အပြစ်ကြောင့် ခံရ သောကာလအဆုံး၌၊ သူတို့အသက်ကို ထားနှင့် သတ်သောကြောင့်၊
6. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည်သင့်ကို လိုက်မည်။ အသက်သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။