14. သိမ်းသွားခြင်းတို့မရသော အဲဂုတ္တုလူတို့ကို ငါတဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံဖြစ်ရလိမ့်မည်။
15. တပါးသော လူမျိုးတို့ကို နောက်တဖန်အစိုးမရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တပါးသော လူမျိုးတို့ကို နောက်တဖန် အစိုးမရစေခြင်းငှါ ငါရှုတ်ချမည်။
16. ဣသရေလအမျိုးသားတို့သည် ထိုပြည်သားတို့ကို မြော်လင့်၊ မိမိအပြစ်ကို ငါအောက်မေ့စေသဖြင့်၊ နောက်တဖန် ထိုပြည်သည် သူတို့ ခိုလှုံရာမဖြစ်ရာ။ ငါသည် ထာဝရာဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
17. သက္ကရာဇ် နှစ်ဆယ်ခုနစ်ခု၊ ပဌမလ တရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊