ယေ​ဇ​ကျေ​လ 20:32-36 Judson Bible (BJB)

32. ငါတို့သည် တပါးအမျိုးသားကဲ့သို့၎င်း၊ သစ်သား ဘုရား၊ ကျောက်ဘုရားကိုဝတ်ပြုသော ပြည်သူပြည်သား များကဲ့သို့၎င်း ဖြစ်မည်ဟု၊ သင်တို့ ကြံစည်သည်အတိုင်း အကြံမမြောက်ရ။

33. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း အကယ်စင်စစ် အားကြီးသော လက်၊ ဆန့်သောလက်ရုံး၊ သွန်းလောင်းသောဒေါသအရှိန်အားဖြင့် သင်တို့ကို ငါအုပ်စိုးမည်။

34. သင်တို့ကွဲပြားလျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ၊ သင်တို့ အားကြီးသောလက်၊ ဆန့်သော လက်ရုံး၊ သွန်းလောင်းသောဒေါသအရှိန်နှင့် ငါဆောင်ခဲ့၍ စုဝေစေမည်။

35. လူအမျိုးမျိုးနှင့် ဆိုင်သောတောသို့ ဆောင် ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကြပ်တရားတွေ့မည်။

36. အဲဂုတ္တုပြည်နှင့်ဆိုင်သော တော၌သင်တို့၏ ဘိုးဘေးများ တရားတွေ့သကဲ့သို့ သင်တို့နှင့် တရား တွေ့မည်။

ယေ​ဇ​ကျေ​လ 20