1. သက္ကရာဇ် ခုနစ်ခု၊ ပဥ္စမလဆယ်ရက်နေ့တွင်၊ ဣသရေလအမျိုး အသက်ကြီးသူတို့သည် ထာဝရဘုရားကို မေးလျှောက်ခြင်းငှါ လာ၍ငါ့ရှေ့မှာ ထိုင်နေကြ၏။
2. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
3. အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုး အသက်ကြီးသူတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ငါ့ထံ၌ မေးလျှောက်ခြင်းငှါ လာကြသလော။ ငါအသက်ရှင်သည်အတိုင်း သင်တို့ မေးလျှောက်ခြင်းကို ငါမခံ။
4. အချင်းလူသား၊ သင်သည်သူတို့ကို စစ်ကြောလော့။ စစ်ကြောလော့။ သူတို့ဘိုးဘေးပြုဘူးသော စက်ဆုပ်ရွံရှာဘွယ်အမှုကို ဘော်ပြ၍၊