ယေ​ဇ​ကျေ​လ 16:18-21 Judson Bible (BJB)

18. ချယ်လှယ်သောအဝတ်ကိုလည်း ယူ၍၊ ထိုရုပ်တုတို့ကို ခြုံပြီးလျှင်၊ ငါ့ဆီနှင့်ငါ့နံ့သာပေါင်းကို သူတို့ရှေ့မှာ တင်ထားလေပြီ။

19. ငါပေးသောဘောဇဉ်၊သင့်ကိုငါကျွေးသော မုန့်ညက်၊ ဆီ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွှေးကြိုင်စရာဘို့ တင်ထားလေပြီတကား။

20. ထိုမှတပါး၊ သင်ဘွားသောငါ၏ သားသမီးတို့ကို ယူ၍၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှါ ယဇ်ပူဇော်လေပြီ။

21. သင်သည် မတရားသော မေထုန်ကိုပြု၍ စိတ်မပြေသောကြောင့် ငါ၏သားသမီးတို့ကို သတ်၍ ရုပ်တုတို့အား မီးဖြင့်ပူဇော်ရမည်လော။

ယေ​ဇ​ကျေ​လ 16