ယေ​ဇ​ကျေ​လ 16:13-17 Judson Bible (BJB)

13. ထိုသို့ သင်သည် ရွှေငွေနှင့်တကွ၊ ဖဲ၊ ပိတ်ချော၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကိုဆင်လျက်၊ မုန့်ညက်၊ ပျားရည်၊ ဆီကိုစားလျက်၊ အလွန်တရာ လှသောအဆင်းနှင့်ပြည့်စုံ၍၊ မိဖုရားအရာကိုခံရ၏။

14. ငါသည် ကိုယ်အသရေကို သင်၌ အပ်ပေးသောကြောင့်၊ သင်သည် လှသောအဆင်းနှင့်စုံလင်၍၊ အတိုင်းတိုင်းအပြည်ပြည်၌ ကျော်စောလေ၏။

15. သို့ရာတွင်၊ သင်သည်ကိုယ်လှသော အဆင်းကို ကိုးစား၍၊ ဂုဏ်အသရေကျော်စောသောကြောင့်၊ ပြည်တန်ဆာလုပ်၍၊ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြာပြုသဖြင့်၊ ယောက်ျား တိုင်းအခွင့်ရ၏။

16. သင်၏အဝတ်ကိုလည်း ယူ၍၊ မြင့်သောအရပ်တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင်၍၊ တခါမျှမမြင်စဖူး၊ နောက်၌လည်းမဖြစ်လတံ့သောအမှု၊ မတရားသောမေထုန်ကို ထိုအရပ်၌ ပြုလေပြီ။

17. ငါပေးသော ရွှေငွေတန်ဆာမြတ်တို့ကိုလည်း ယူ၍၊ ယောက်ျားရုပ်တုတို့ကို လုပ်ပြီးလျှင်၊ သူတို့နှင့် မှားယွင်းလေပြီတကား။

ယေ​ဇ​ကျေ​လ 16