ယေ​ဇ​ကျေ​လ 11:7-11 Judson Bible (BJB)

7. ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ထားသော သူရဲတို့သည် အမဲသား ဖြစ်၏။ ဤမြို့သည် အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကို မြို့ထဲက ငါထုတ်မည်။

8. သင်တို့သည် ထားကို ကြောက်သည်ဖြစ်၍၊ ငါသည် ထိုထားကို သင်တို့အပေါ်သို့ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

9. ငါသည် သင်တို့ကိုမြို့ထဲက ထုတ်ပြီးလျှင်၊ တကျွန်းတနိုင်ငံသား တို့၏လက်သို့အပ်၍ အပြစ်ဒဏ်ကို စီရင်မည်။

10. သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလပြည်စွန်းမှာ ငါ စစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။

11. ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလ ပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။

ယေ​ဇ​ကျေ​လ 11