1. ယော်ဒန်မြစ် အနောက်ဘက်၊ တောင်ပေါ်၌ ၎င်း၊ ချိုင့်ထဲ၌၎င်း၊ လေဗနုန်တောင်တဘက်၊ မဟာပင်လယ်ကမ်းတရှောက်လုံး၌၎င်းနေသော ဟိတ္တိ၊ အာမောရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးမင်းကြီး အပေါင်းတို့သည် သိတင်းကြားသောအခါ၊
2. ယောရှုနှင့် ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ တညီတညွတ်တည်း စည်းဝေးကြ၏။
3. ဂိဗောင်မြို့သားတို့သည် ယေရိခေါမြို့၊ အာဣမြို့၌ ယောရှုပြုသောအမှုကို ကြားသောအခါ၊
4. ပရိယာယ်ပြု၍ သံတမန်လုပ်လျက်၊ မြည်းပေါ်မှာ ဟောင်းနွမ်းသောအိတ်တို့ကို တင်၍၊ ဟောင်းနွမ်းစုတ်ကွဲဖာပြင်သော စပျစ်ရည်သားရေဘူးတို့ကို ယူကြ၏။