ယော​ရှု 4:1-7 Judson Bible (BJB)

1. လူအပေါင်းတို့သည် တယောက်မျှမကြွင်း ယော်ဒန်မြစ်ကို ကူးကြပြီးမှ၊ ထာဝရဘုရားက၊

2. လူများတို့တွင် တမျိုးတယောက်စီ၊ လူတဆယ်နှစ်ယောက်ကို ရွေးကောက်၍၊

3. သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရောဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက်တဆယ်နှစ်လုံးကို ယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ညဉ့်စားခန်းချရာအရပ်၌ ထားရမည်အကြောင်းဆင့်ဆိုလော့ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊

4. ယောရှုသည် ခန့်ထားနှင့်သော ဣသရေလအမျိုးတမျိုးတယောက်စီ၊ လူတဆယ်နှစ်ယောက်ကိုခေါ်၍၊

5. သင်တို့ဘုရားသခင် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား၍၊ ဣသရေလအမျိုးအရေအတွက်အတိုင်း၊ လူတယောက် ကျောက် တလုံးစီယူ၍ ထမ်းသွားကြလော့။

6. သို့ပြုလျှင် သက်သေကိုရကြလိမ့်မည်။ နောင်ကာလ၌ သင်တို့၏ သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊

7. သင်တို့က၊ ထာဝရဘုရား၏သေတ္တာတော်သည် ယော်ဒန်မြစ်ကို ကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသားအောက်မေ့စရာဘို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထားသည်အတိုင်း၊

ယော​ရှု 4