ယော​ရှု 21:7-22 Judson Bible (BJB)

7. မေရာရိသားတို့သည် အဆွေအမျိုးအလိုက်ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကိုရကြ၏။

8. ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်စာရေးတံပြု၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ၏။

9. ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲကပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊

10. အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံအားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊

11. ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွပေးကြ၏။

12. သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများတို့ကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။

13. လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ်အာရုန်၏သားမြေးတို့အား ပေးကြ၏။

14. ထိုမှတပါး၊ လိဗနမြို့နှင့်မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊

15. ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊

16. အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင်ထဲက ကိုးမြို့တို့ကို၎င်း၊

17. ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊

18. အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။

19. အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသောမြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။

20. ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ်သော လေဝိသားတို့သည် စာရေးတံပြု၍ ဧဖရိမ်ခရိုင်ထဲကရသည်အတိုင်း၊

21. လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့ဖြစ်စေခြင်းငှါ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့် တကွပေးကြ၏။

22. ထိုမှတပါး ဂေဇာမြို့နှင့်မြို့နယ်၊ ကိဗဇိမ်မြို့နှင့် မြို့နယ်၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊

ယော​ရှု 21