33. ဂေရရှုံသားတို့သည်၊ အဆွေအမျိုးအလိုက်ရသော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်သုံးမြို့တည်း။
34. ကြွင်းသောလေဝိသား၊ မေရာရိအဆွေအမျိုးတို့အား ဇာဗုလုန်ခရိုင်ထဲက ယောကနံမြို့နှင့် မြို့နယ်၊ ကာတမြို့နှင့် မြို့နယ်၊
35. ဒိမနမြို့နှင့် မြို့နယ်၊ နဟာလာလမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
36. ရုဗင်ခရိုင်ထဲက လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာမြို့နှင့် မြို့နယ်၊ ယဟာဇမြို့နှင့် မြို့နယ်၊
37. ကေဒမုတ်မြို့နှင့်မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
38. ဂဒ်ခရိုင်ထဲက၊ လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့နှင့် မြို့နယ်၊
39. ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
40. ကြွင်းသောလေဝိအဆွေအမျိုး မေရာရိသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ရသောမြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်နှစ်မြို့တည်း။
41. ဣသရေလအမျိုးသားနေရာနိုင်ငံအဝင်၊ လေဝိသားနေသော မြို့ပေါင်းကား၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း။
42. ထိုမြို့ရှိသမျှတို့သည် ပတ်ဝန်းကျင်နယ်နှင့် ပြည့်စုံလျက်ရှိသတည်း။
43. ထာဝရဘုရားကလည်း၊ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလအမျိုးသားတို့အား ပေးတော်မူသဖြင့်၊ သူတို့သည် သိမ်းယူ၍ နေရာကျကြ၏။