ယော​ရှု 21:1-14 Judson Bible (BJB)

1. လေဝိသားအဆွေအမျိုးသူကြီးတို့သည်၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုးတို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ ချဉ်းကပ်၍၊

2. အကျွန်ုပ်တို့ နေစရာဘို့မြို့တို့ကို၎င်း၊ တိရစ္ဆာန်များတို့မြို့နယ်တို့ကို၎င်း ပေးစေခြင်းငှါ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊

3. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မိမိတို့အမွေခံရသောမြေထဲက၊ မြို့နှင့် မြို့နယ်တို့ကိုပေးကြ၏။

4. စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည်အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ်အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။

5. ကြွင်းသောကောဟတ်သားတို့သည် ဧဖရိမ်ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကိုရကြ၏။

6. ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကို ရကြ၏။

7. မေရာရိသားတို့သည် အဆွေအမျိုးအလိုက်ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကိုရကြ၏။

8. ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်စာရေးတံပြု၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ၏။

9. ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲကပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊

10. အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံအားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊

11. ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွပေးကြ၏။

12. သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများတို့ကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။

13. လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ်အာရုန်၏သားမြေးတို့အား ပေးကြ၏။

14. ထိုမှတပါး၊ လိဗနမြို့နှင့်မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊

ယော​ရှု 21