13. ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့နှင့်ဆိုင်သမျှသော သူတို့ကို မသတ်ဘဲ အသက်ချမ်းသာပေးမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆိုလျှင်၊
14. ထိုသူတို့က၊ သင်သည် ငါတို့အမှုကို မဘော်မပြလျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရားပေးတော်မူသော အခါ၊ သင်၌သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။
15. ထိုမိန်းမနေရာအိမ်သည် မြို့ရိုးနားမှာရှိသောကြောင့်၊ ထိုသူတို့ကို ပြတင်းပေါက်ကကြိုးနှင့် လျှော့ချလျက်၊
16. သင်တို့သည် လိုက်၍ရှာသောသူတို့နှင့် လွတ်မည်အကြောင်း တောင်ပေါ်သို့ပြေး၍ သုံးရက်ပုန်းနေကြပါ။ ရှာသောသူတို့သည် ပြန်သောနောက်မှ သွားကြပါဟု ဆိုလျှင်၊