ယော​ရှု 19:5-18 Judson Bible (BJB)

5. ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊

6. ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း။

7. ထိုမှတပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။

8. ထိုမှတပါးတောင်မျက်နှာ၌ ဗာလတ်ဗေရရာမတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်းကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

9. ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲကနှုတ်ရ၏။ ယုဒအမျိုးသားတို့အဘို့သည် ကြီးကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင်အမျိုးသားတို့သည် အမွေခံရကြ၏။

10. တတိယတကြိမ်စာရေးတံပြု၍ ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊

11. အနောက်သို့သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့သို့၎င်း၊ ယောကနံမြို့ရှေ့မှာရှိသောမြစ်သို့၎င်း မှီလေ၏။

12. တဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့ လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီးလျှင်၊ ယာဖျာမြို့သို့ တက်လေ၏။

13. ထိုမြို့မှစ၍ အရှေ့ဘက်နားမှာလိုက်လျက်၊ ဂိတ္တဟေဖာမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ၏။

14. မြောက်ဘက်၌လည်းဝိုင်းသဖြင့်၊ ဟန္နသုန်မြို့သို့ရောက်၍ ယိဖသေလချိုင့်၌ ဆုံးလေ၏။

15. ထိုမှတပါး၊ ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့တည်းဟူသောရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း။

16. ဤရွေ့ကားမြို့ရွာပါလျက် ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

17. စတုတ္ထတကြိမ်စာရေးတံပြု၍ ဣသခါအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။

18. သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသုလုတ်မြို့၊ ရှုနင်မြို့၊

ယော​ရှု 19