ယော​ရှု 19:44-51 Judson Bible (BJB)

44. ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊

45. ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊

46. မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယာဖောမြို့ရှေ့မှာရှိသောမြေပါသတည်း။

47. ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်းသောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို၊ အမျိုး၏အဘဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ၏။

48. ဤရွေ့ကားမြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

49. ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတပြင်လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကိုပေးကြ၏။

50. သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမနဿေရမြို့ကို ထာဝရဘုရားအမိန့်တော်အတိုင်း ပေးသဖြင့်၊ သူသည် မြို့ကိုတည်ထောင်၍ နေလေ၏။

51. ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုးသူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ်စည်းဝေးရာတဲတော်တံခါးနား၌ ဝေပေးသော အမွေခံ စရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကိုဝေဖန်သောအမှု ပြီးလေ၏။

ယော​ရှု 19