ယော​ရှု 19:28-41 Judson Bible (BJB)

28. ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင်၊

29. ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင်အောင် ပင်လယ်၌ဆုံးလေ၏။

30. အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ရှိသတည်း။

31. ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

32. ဆဌမတကြိမ်စာရေးတံပြု၍ နဿလိအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။

33. သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ဆုံးလေ၏။

34. တဖန် အနောက်မျက်နှာသို့လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင်ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ၏။

35. ခိုင်ခံ့သောမြို့များဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊

36. အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊

37. ကေဒေရှမြို့၊ အင်ဟာဇော်မြို့၊ ဧဒြိမြို့၊

38. ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသနတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။

39. ဤရွေ့ကားမြို့ရွာပါလျက်၊ နဿလိအမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

40. သတ္တမတကြိမ်စာရေးတံပြု၍ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။

41. သူတို့အမွေခံရသော မြို့များဟူမူကား၊ ဇောရာမြို့၊ ဧရှတောလမြို့၊ ဣရရှေမက်မြို့၊

ယော​ရှု 19