ယော​ရှု 19:21-34 Judson Bible (BJB)

21. ရေမက်မြို့၊ အင်္ဂန္နမြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ပါလျက်၊

22. တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွဆယ်ခြောက်မြို့ရှိသတည်း။

23. ဤရွေ့ကားမြို့ရွာပါလျက် ဣသခါအမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

24. ပဥ္စမတကြိမ်စာရေးတံပြု၍ အာရှာအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။

25. သူတို့အပိုင်းအခြားသည် ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊

26. အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ပါလျက်၊ အနောက်မျက်နှာ၌ ကရမေလမြို့၊ ရှိဟောရလိဗနတ်မြို့သို့ ရောက်လေ၏။

27. တဖန် နေထွက်ရာဘက်သို့လှည့်၍ ဗက်ဒါဂုန်မြို့၊ ဇာဗုလုန်ခရိုင်၊ ယိဖသေလချိုင့်ကိုရှောက်သဖြင့်၊ မြောက်မျက်နှာသို့သွား၍ ဗေသမက်မြို့၊ နယေလမြို့၊ ကာဗုလမြို့၊

28. ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင်၊

29. ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင်အောင် ပင်လယ်၌ဆုံးလေ၏။

30. အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ရှိသတည်း။

31. ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

32. ဆဌမတကြိမ်စာရေးတံပြု၍ နဿလိအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။

33. သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ဆုံးလေ၏။

34. တဖန် အနောက်မျက်နှာသို့လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင်ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ၏။

ယော​ရှု 19