ယော​ရှု 19:16-24 Judson Bible (BJB)

16. ဤရွေ့ကားမြို့ရွာပါလျက် ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

17. စတုတ္ထတကြိမ်စာရေးတံပြု၍ ဣသခါအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။

18. သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသုလုတ်မြို့၊ ရှုနင်မြို့၊

19. ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊

20. ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊

21. ရေမက်မြို့၊ အင်္ဂန္နမြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ပါလျက်၊

22. တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွဆယ်ခြောက်မြို့ရှိသတည်း။

23. ဤရွေ့ကားမြို့ရွာပါလျက် ဣသခါအမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

24. ပဥ္စမတကြိမ်စာရေးတံပြု၍ အာရှာအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။

ယော​ရှု 19