ယော​ရှု 19:1-9 Judson Bible (BJB)

1. ဒုတိယတကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း၌ အမွေခံရကြ၏။

2. သူတို့အမွေမြေ၌ရှိသောမြို့များဟူမူကား၊ ဗေရရှေဘမြို့၊ မောလဒါမြို့၊

3. ဟာဇာရွာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊

4. ဧလတောလဒ်မြို့၊ ဗေသူလမြို့၊ ဟေမာမြို့၊

5. ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊

6. ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း။

7. ထိုမှတပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။

8. ထိုမှတပါးတောင်မျက်နှာ၌ ဗာလတ်ဗေရရာမတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်းကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။

9. ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲကနှုတ်ရ၏။ ယုဒအမျိုးသားတို့အဘို့သည် ကြီးကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင်အမျိုးသားတို့သည် အမွေခံရကြ၏။

ယော​ရှု 19