3. တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကိုရှောက်လျက် ဇိနရွာသို့ ရောက်လေ၏။ တဖန် တောင်မျက်နှာနား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာရွာ၊
4. အဇမုန်ရွာကိုရှောက်သဖြင့် အဲဂုတ္တုချောင်းသို့လိုက်၍ ပင်လယ်၌ ဆုံးလေ၏။
5. အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝတိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက်အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင်ကွေ့မှ ထွက်၍၊
6. ဗေသောဂလရွာသို့၎င်း၊ ဗေသရာဗရွာ မြောက်နားမှာရှောက်လျက် ရုဗင်သားဗောဟန်၏ကျောက်သို့ ၎င်း ရောက်လေ၏။
7. အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာသို့၎င်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့၎င်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရော ဂေလရွာလမ်းသို့ လိုက်လျက်၊
8. ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့ရာ ယေဗုသိအရပ် တောင်ဘက်နားမှာရှောက်၍ ဟိန္နုံချိုင့်အနောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့ တက်လေ၏။
9. ထိုတောင်ပေါ်မှဆင်းပြန်၍၊ နေဖတောစမ်းရေတွင်းကို ရှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့များသို့၎င်း၊ ကိရယတ်ယာရိမ်မြို့ ရာဗာလာမြို့သို့၎င်း၊
10. ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့၎င်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေမက်မြို့၊ တိမနာမြို့သို့၎င်း၊
11. ဧကြုန်မြို့မြောက်ဘက်နားမှာရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့၎င်း၊ ရောက်၍ ပင်လယ်၌ဆုံးလေ၏။
12. အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ်ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း။
13. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာလက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာဘ၏မြို့ကို ချပေးလေ၏။
14. ထိုမြို့ထဲက ကာလက်သည် အာနကသားသုံးယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သောနောက်၊
15. ကိရယဿေဖာအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ တဖန်ချီသွား၍၊
16. ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား ငါသည်သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊
17. ကာလက်ညီ ကေနတ်၏သားဩသံယေလသည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
18. ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက်ကို အဘ၌တောင်းခြင်းငှါ လင်နှင့် တိုင်ပင်ပြီးမှ မြည်းပေါ်ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသနည်းဟု မေးလျှင်၊
19. သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
20. ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအလိုက်ခံရသောအမွေမြေ ဖြစ်သတည်း။
21. ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊
22. ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊
23. ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊