19. သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
20. ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအလိုက်ခံရသောအမွေမြေ ဖြစ်သတည်း။
21. ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊
22. ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊
23. ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊
24. ဇိဖမြို့၊ တေလင်မြို့၊ ဗာလုတ်မြို့၊
25. ဟာဇော်မြို့သစ်၊ ဟာဇော်မြို့ဟောင်းတည်းဟူသော ဟေဇရုန်မြို့၊
26. အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊
27. ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊
28. ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာမြို့၊
29. ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊
30. ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊
31. ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊