ယော​ရှု 12:6-17 Judson Bible (BJB)

6. ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန်မောရှေနှင့် ဣသရေလအမျိုးသားတို့သည်လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေးလေ၏။

7. ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ရှိသောဗာလဂဒ်မြို့မှစ၍၊

8. စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင်အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့် ဣသရေလအမျိုးသား လုပ်ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများဟူမူကား၊

9. ယေရိခေါမင်းကြီးတပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတပါး၊

10. ယေရုရှလင်မင်းကြီးတပါး၊ ဟေဗြုန်မင်းကြီးတပါး၊

11. ယာမုတ်မင်းကြီးတပါး၊ လာခိရှမင်းကြီးတပါး၊

12. ဧဂလုန်မင်းကြီးတပါး၊ ဂေဇာမင်းကြီးတပါး၊

13. ဒေဗိရမင်းကြီးတပါး၊ ဂေဒါမင်းကြီးတပါး၊

14. ဟောမာမင်းကြီးတပါး၊ အာရဒ်မင်းကြီးတပါး၊

15. လိဗနမင်းကြီးတပါး၊ အဒုလံမင်းကြီးတပါး၊

16. မက္ကဒါမင်းကြီးတပါး၊ ဗေသလမင်းကြီးတပါး၊

17. တာပွါမင်းကြီးတပါး၊ ဟေဖာမင်းကြီးတပါး၊

ယော​ရှု 12