ယော​ရှု 10:21-26 Judson Bible (BJB)

21. လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာပြန်လာကြ၏။ ဣသရေလလူ တစုံတယောက်ကို အဘယ်သူမျှ အပြစ်မတင်ရ။

22. ယောရှုကလည်း၊ လိုင်ခေါင်းကိုဖွင့်ပြီးလျှင်၊ ထိုမင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲကထုတ်၍ ငါ့ထံသို့ ဆောင်ခဲ့ကြဟု မှာလိုက်သည်အတိုင်း၊

23. သူတို့သည် ပြု၍၊ ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲက ဆောင်ခဲ့၍၊

24. ယောရှုထံသို့ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့်အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်းတို့ကိုခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ်အပေါ်၌ ခြေကိုတင်ကြဟု ဗိုလ်မင်းတို့အားဆိုသည်အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏လည်ကုပ်အပေါ်၌ ခြေကို တင်ကြ၏။

25. ယောရှုကလည်း သင်တို့တိုက်ရသောရန်သူအပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူမည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊

26. ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက်၍ သစ်ပင်ငါးပင်တို့၌ ဆွဲထားလေ၏။ ညဦးတိုင်အောင် သစ်ပင်၌ဆွဲထားပြီးမှ၊

ယော​ရှု 10