ယောဘဝတ္တု။ 9:1-5 Judson Bible (BJB)

1. ယောဘပြန်၍ မြွက်ဆိုသည်ကား၊

2. မှန်ပါ၏။ ထိုစကားမှန်ကြောင်းကိုငါသိ၏။ သို့သော်လည်း လူသည်ဘုရားသခင့်ရှေ့တော်၌ အဘယ်သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း။

3. ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင်၊ လူသည်အပြစ်တထောင်တွင် တခုမျှ မဖြေနိုင်။

4. ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည်အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။

5. ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။

ယောဘဝတ္တု။ 9