ယောဘဝတ္တု။ 6:4-6 Judson Bible (BJB)

4. အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။

5. တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော။ နွားသည်စားစရာရှိသောအခါ အော်တတ်သလော။

6. မမြိန်သောအရာကို ဆားမပါဘဲ စားနိုင်သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။

ယောဘဝတ္တု။ 6