ယောဘဝတ္တု။ 41:8-14 Judson Bible (BJB)

8. သူ့အပေါ်မှာ လက်တင်ရုံမျှသာပြုပါ။ သူ့ကိုတိုက်မည်အကြံကို နောက်တဖန်မအောက်မေ့ရ။

9. တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီးထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။

10. သူ့ကိုနှိုးဆော်ခြင်းငှါ အဘယ်သူမျှမရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။

11. ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ်သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း။ မိုဃ်းကောင်းကင်အောက်၌ရှိသမျှတို့သည် ငါ၏ ဥစ္စာဖြစ်ကြ၏။

12. လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သောတန်ဆာတို့ကို ငါသည် ဝှက်၍မထား။

13. သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည်နည်း။

14. သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ်ဖြစ်ကြ၏။

ယောဘဝတ္တု။ 41