ယောဘဝတ္တု။ 41:11-16 Judson Bible (BJB)

11. ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ်သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း။ မိုဃ်းကောင်းကင်အောက်၌ရှိသမျှတို့သည် ငါ၏ ဥစ္စာဖြစ်ကြ၏။

12. လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သောတန်ဆာတို့ကို ငါသည် ဝှက်၍မထား။

13. သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည်နည်း။

14. သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ်ဖြစ်ကြ၏။

15. လုံခြုံစွာတံဆိပ်ခတ်သကဲ့သို့ တချပ်နှင့် တချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။

16. လေမျှမဝင်နိုင်အောင် တချပ်နှင့် တချပ်ပူးကပ်လျက်ရှိကြ၏။

ယောဘဝတ္တု။ 41