ယောဘဝတ္တု။ 40:9-12 Judson Bible (BJB)

9. သင်သည် ဘုရားသခင်၏လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။

10. ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သောဂုဏ်အသရေနှင့် တန်ဆာဆင်လော့။

11. သင်၏အမျက်အရှိန်ကိုလွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချလော့။

12. မာနထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကိုနှိပ်နင်း၍၊

ယောဘဝတ္တု။ 40