ယောဘဝတ္တု။ 40:14-18 Judson Bible (BJB)

14. သို့ပြုလျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကိုကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။

15. သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်းကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကို စားတတ်၏။

16. သူ၏တန်ခိုးသည် ခါး၌၎င်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌၎င်း တည်လျက်ရှိ၏။

17. သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏။

18. အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီးတို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။

ယောဘဝတ္တု။ 40