ယောဘဝတ္တု။ 39:1-9 Judson Bible (BJB)

1. သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရသောအချိန်ကို မှတ်နိုင်သလော။

2. ကိုယ်ဝန်ဆောင်ရသောနေ့လတို့ကိုရေတွက်၍၊ ဘွားရသော အချိန်ကာလကို သိသလော။

3. သူတို့သည် ကျောကိုင်း၍သားငယ်ကို မွေးဘွားသဖြင့် ဝေဒနာငြိမ်းကြ၏။

4. သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွါးတတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။

5. တောမြည်းကို အဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။

6. တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့၎င်း ငါခန့်ထားပြီ။

7. မြို့၌ဖြစ်သောလူတို့၏အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။

8. တောင်ရိုး၌ ကျက်စား၍၊ စိမ်းသောအပင်အမျိုးမျိုးကို ရှာတတ်၏။

9. ကြံ့သည် သင်၏အမှုကိုဆောင်ရွက်၍၊ သင်၏တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။

ယောဘဝတ္တု။ 39