ယောဘဝတ္တု။ 38:8-12 Judson Bible (BJB)

8. သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား၍ထွက်လာသောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း။

9. သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သောမှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌၎င်း၊

10. သင်သည် ဤအရပ်တိုင်အောင်လာရ၏။

11. တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်းအခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့် ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ကူညီသနည်း။

12. သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုဃ်းသောက်လင်းကို နေရာချဘူးသလော။

ယောဘဝတ္တု။ 38