36. ကိုယ်ခန္ဓာထဲသို့ ပညာကိုအဘယ်သူသွင်းသနည်း။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေးသနည်း။ ပညာရှိ၍ မိုဃ်းတိမ်တို့ကို အဘယ်သူ ရေတွက်နိုင်သနည်း။
37. မြေမှုန့်သည်လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊
38. မိုဃ်းကောင်းကင်၏ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။
39. သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။
40. ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံဖုတ်အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။
41. ကျီးအသငယ်တို့သည် စားစရာမရှိေသာကြောင့် လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။