ယောဘဝတ္တု။ 38:3-10 Judson Bible (BJB)

3. လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသောပြဿနာတို့ကို ဖြေလော့။

4. မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။

5. မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင် ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။

6. မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း။

7. နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ်ကျောက်ကို အဘယ်သူတင်ထားသနည်း။

8. သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား၍ထွက်လာသောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း။

9. သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သောမှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌၎င်း၊

10. သင်သည် ဤအရပ်တိုင်အောင်လာရ၏။

ယောဘဝတ္တု။ 38