ယောဘဝတ္တု။ 38:19-23 Judson Bible (BJB)

19. အလင်းနေရာသို့ အဘယ်မည်သောလမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာရှိသနည်း။

20. အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်းအခြားဘို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကိုသိလိမ့်မည်။

21. သင်သည်ရှေးကာလ၌ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့်သိလိမ့်မည်။

22. သင်သည်မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူးသလော။

23. ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာများကို မြင်ဘူးသလော။

ယောဘဝတ္တု။ 38